ရေဖြူ ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ)၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သူများနှင့်စည်ကားလျက်ရှိသည်။
ထိုသို့ ကောင်းမှုကုသိုလ်ပြုရာတွင် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေ၊ လှူဖွယ်ပစ္စည်း စသည်ဖြင့် ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းများဖြင့် ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ခတ္တာ