သတင်းများ

ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားများကျင်းပ
Sep 01,2023
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာ‌အေးစေတီတော်တို့၌  မေတ္တာအခါတော်နေ့ အခမ်းအနားများကို စည်းကားစွာ ကျင်းပလျက်ရှိသည်။
မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအတွက် ထောက်ပံ့ကြေးပေးအပ်
Sep 01,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လ များအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ပြိုကျနေအိမ်များမှ မိသားစုဝင်များအားထောက်ပံ့
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ပြိုကျနေအိမ်များမှ မိသားစုဝင်များအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများက ဩဂုတ်လ (၃၀) ရက်နေ့ညနေ (၄)နာရီက သွားရောက်ထောက်ပံ့ခဲ့သည်။
တံတားဦးမြို့တွင် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများရောင်းချ
Sep 01,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီအရောင်းကိုယ်စားလှယ်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက် လျော့နည်းပြီး စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် တံတားဦးမြို့ မြို့မဈေးအနီး၌ ယနေ့နံနက်(၈)နာရီက ဆီအရောင်းကိုယ်စားလှယ်များမှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မေတ္တာအခါတော်နေ့အခမ်းအနား ကျင်းပ
Sep 01,2023
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်‌စွယ်တော်တိုက်တွင် ဝါခေါင်လပြည့် ယမန်နေ့ ညနေ ၅ နာရီက (၁၇) ကြိမ်မြောက် မေတ္တာအခါတော်နေ့အခမ်းအနား ကျင်းပပြုလုပ်သည်။
ဘုရားသုံးဆူမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
Sep 01,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ဝါခေါင်လတိုင်း နှစ်စဉ်ကျင်းပသော ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ထောမဲ့ပါကွက်သစ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် မုန်တောကြီးကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများသဖြင့် တောင်သူများအနေနှင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးလျက်ရှိကြောင်းနှင့် အခြားဈေးကွက်ဝင်မည့် သီးနှံမျိုးစုံလည်းစိုက်ပျိုးကြရာ မုန်တောကြီးကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Coomunity Centre)တွင် လူငယ်နှင့်ပညာရေးအသိပညာပေး (Talk Show) ဆောင်ရွက်
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစည်ပင်သာယာမှု အေးချမ်းတည်ငြိမ်မှုများ ရရှိခံစားနိုင်ရန် အဓိကကျသော အချက်တစ်ခုသည်ကား ပညာရည်ထူးချွန်ပြောင်မြောက်မှုဖြင့် တိုင်းတာသောကြောင့် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေးအသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။