တံတားဦးမြို့တွင် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများရောင်းချ

တံတားဦး စက်တင်ဘာ ၁

တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီအရောင်းကိုယ်စားလှယ်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက် လျော့နည်းပြီး စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် တံတားဦးမြို့ မြို့မဈေးအနီး၌ ယနေ့နံနက်(၈)နာရီက ဆီအရောင်းကိုယ်စားလှယ်များမှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် ဆီအရောင်းကိုယ်စားလှယ် ဆိုင်များဖြစ်သော ဓနအောင်ဆီဆိုင်၊ ဦးကျော်ပေါဆီဆိုင်နှင့် မိသးစုဆီဆိုင်တို့မှ  စားသုံးဆီတစ်ပိဿာလျှင် (၅၅၀၀)ကျပ်ကို အိမ်ထောင်စု တစ်စုလျှင်  ဆီတစ်ပိဿာနှုန်းရောင်းချပေးကြောင်း၊ ယနေ့တွင် ဓနအောင်ဆီဆိုင်မှ ဆီပိဿာချိန်(၂၀၀)၊ မိသားစုဆီဆိုင်မှ ဆီပိဿာချိန်(၂၀၀)၊ ဦးကျော်ပေါဆီဆိုင်မှ ဆီပိဿာချိန်(၃၀၀)၊ စုစုပေါင်းဆီပိဿာချိန်(၇၀၀)ကို ရောင်းချပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင်ဦးကျော်ပေါဆီဆိုင်မှ စားသုံးဆီများကို ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)