ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာ၌ ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပ
Sep 01,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို သိရှိစေရန်၊ ကရင့်ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင်ဆင်နွှဲလာစေရန်ရည်ရွယ်၍ ကရင် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲကို သြဂုတ်လ ၃၁ ရက် ထန်းတပင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။