သတင်းများ

ဝါတွင်းကာလ ဝါခေါင်လပြည့်နေ့တွင် ပင်းတယမြို့နှင့် အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကား
Sep 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဝါတွင်းကာလ ဝါခေါင်လပြည့်နေ့ ယမန်နေ့တွင် ပင်းတယမြို့နှင့် အနီးအနားဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
တန့်ယန်းမြို့နယ်တွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်၌ တည်ထားသည့် အောင်တော်မူစေတီတော်ကြီးတွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက စေတီတော်လှိုဏ်အတွင်း၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပြုလုပ်
Sep 01,2023
(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ် မြို့မ​စျေး၌ သွေးလွန်တုပ်​ကွေး​ရောဂါကြိုတင်ကာကွယ်​ရေး ခြင်​ဆေးဖျန်းခြင်း ​ပူး​ပေါင်းဆောင်ရွက်
Sep 01,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စည်ပင်သာယာမြို့မ​စျေး၌ ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
လဲချားတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးများအား ထောက်ပံ့ငွေ ပေးအပ်
Sep 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ပါသည်။
နမ့်ခမ်းမြို့၌ မြို့နယ်တအာင်း(ပလောင်) စာပေနှင့်ယဥ်ကျေးမှုကော်မတီက (၅၁)နှစ်မြောက် တအာင်းစာပေနေ့အခမ်းအနား ကျင်းပ
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်တအာင်းခန်းမဆောင်၌ မြို့နယ်တအာင်း(ပလောင်)စာပေနှင့် ယဥ်ကျေးမှုကော်မတီက သြဂုတ်လ(၃၀)ရက်နေ့တွင် ကျရောက်လာသည့် (၅၁)နှစ်မြောက် တအာင်းစာပေနေ့ အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၃၀ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ လားရှိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre သို့ လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လှူဒါန်း
Sep 01,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၃၀ ရက်နေ့  မွန်းလွဲ ၃ နာရီ ၂၀ အချိန်တွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)သို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာအုပ်၊ စာစောင်ပြပွဲပြုလုပ်
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌန၊ (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှားမှုအနေဖြင့် စာအုပ်/စာစောင်ပြပွဲကို ဩဂုတ်လ၂၇ရက်နေ့ မွန်းလွဲ (၂) နာရီချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။