မအူပင် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ပြိုကျနေအိမ်များမှ မိသားစုဝင်များအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများက ဩဂုတ်လ (၃၀) ရက်နေ့ညနေ (၄)နာရီက သွားရောက်ထောက်ပံ့ခဲ့သည်။
အဆိုပါကမ်းပြိုဘေးကြောင့် ကျွဲသောင်ကျေးရွာရှိ ပြိုကျနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ (၇၅၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၀၀၀၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ(၈၇၅၆၀၀/-)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ဇော်ထွန်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်လင်းထွဋ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများမှ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)