Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်သူများမှ ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Sep 01,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်သူများမှ ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၆:၃၀)နာရီက မြို့မဈေးကြိးရှေ့တွင် ရောင်းချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 01,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၃၀ ရက်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် တွင်းနက်တူးဖော်ခြင်း ရေရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Sep 01,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တကွင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ
Sep 01,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာ ၁ ရက်နေ့ နံနက် ၇နာရီက မြို့မဈေးဝင်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် တောင်သူများအားနေကြာမျိုးစေ့နှင့် ရွှေတောင် ၈ ဝါ မျိုးစေ့များ ထောက်ပံ့ပေး
Sep 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များနှင့် ဝါစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား ရွှေတောင်(၈)ဝါမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအလိုက် အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဆက်လက်ကျင်းပ
Sep 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်ကို ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်းကစားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ အခွန်လွတ်စျေးတွင် ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာ(၄၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ ၊အမှတ် (၁၂)ရပ်ကွက်၊ အခွန်လွတ်စျေးတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်ကအဆိုပါအခွန် လွတ်စျေးတွင်ရောင်းချ ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9953
Page
9954
Page
9955
Page
9956
Current page
9957
Page
9958
Page
9959
Page
9960
Page
9961
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department