ကျောက်ဆည်မြို့နယ် မုန်တောကြီးကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများသဖြင့် တောင်သူများအနေနှင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးလျက်ရှိကြောင်းနှင့် အခြားဈေးကွက်ဝင်မည့် သီးနှံမျိုးစုံလည်းစိုက်ပျိုးကြရာ မုန်တောကြီးကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။

နနွင်းသီးနှံသည် မြေတွင်အတတ်ပွားသည့် သီးနှံဖြစ်သောကြောင့် စိုက်ပျိုးပါက အမြင့်()ပေခွဲခန့် မြေဘောင်များပြုပြီး တစ်ပင်နှင့်တစ်ပင်(၆)လက်မခန့်အကွာ စိုက်ပျိုးရကြောင်းနှင့် ရေကြိုက်နှစ်သက်သည့် သီးနှံဖြစ်သောကြောင့် အစိုဓာတ်မပြတ်ရေသွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး ()လခန့်တွင် နနွင့်အပွင့်များ စတင်ပွင့်ပြီး ခူးဆွတ်ရောင်းချပါက အပိုဝင်ငွေအဖြစ် နနွင်းတစ်ဧကတွင် ငွေကျပ်(၈၀၀၀၀)ခန့်ရကြောင်း၊ ()လကျော်ပါက တူးဖော်ရပြီး မြေအမျိုးအစားနှင့် အပင်အပြုအစုအပေါ်မူတည်၍ နနွင်း(၁)ဧကတွင် (၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာ ထွက်ရှိကြောင်း နနွင်းစိုက်တောင်သူ ဦးကျော်ဝင်းကပြောပြပြီး ကျောက်ဆည်မြို့နယ်တွင် နနွင်းစိုက်ဧက (၉၀၃)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)