သတင်းများ

သထုံမြို့ အ.ထ.က(၄)ကျောင်းဝင်းအတွင်းမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့အပ်နှံ
Aug 31,2023
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ.ထ.က(၄) ကျောင်းဝင်းအတွင်း၌ ကျောင်းအဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများကို တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံပေးခဲ့ကြောင်းသိရသည်။
စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃) တက်ရောက်နေသည့် သင်တန်းသား/သူများ တက္ကသိုလ်များဗဟိုစာကြည့်တိုက်သို့ သွားရောက်လေ့လာ
Aug 31,2023
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ စာကြည့်တိုက်ပညာများ တက်ရောက်လေ့လာသင်ယူနေကြသော စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃) တွင် တက်ရောက်နေသည့် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ စာကြည့်တိုက်မှူးများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
ကျောက်ဆည်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှ ဆောင်ရွက်         
Aug 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ကူးစက်ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရိစ္ဆာန် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် (၇) နာရီက ကြက်သားဟင်း ကျေးရွာအုပ်စုနှင့် ရွှေဒါးကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် တိရစ္ဆာန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်
Aug 31,2023
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ Royal Hinthar Hotel ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
မတ္တရာမြို့နယ်၌ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ ရောင်းချပေး
Aug 31,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများထံသို့ ရောင်းချခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက မတ္တရာမြို့မဈေးတောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ရောင်းချပေးခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ
Aug 31,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ကျောင်းများ အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 31,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ  ရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က (၄)၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းနှင့် ပြည်နယ်သမဝါယမဦးစီးဌာနတို့တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့၊ အခြေခံပညာအထက်တန်းကျောင်း(သကြားစက်)၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(သကြားစက်)၌ ကျင်းပခဲ့သည်။