မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Coomunity Centre)တွင် လူငယ်နှင့်ပညာရေးအသိပညာပေး (Talk Show) ဆောင်ရွက်

မိုင်းလုံ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစည်ပင်သာယာမှု အေးချမ်းတည်ငြိမ်မှုများ ရရှိခံစားနိုင်ရန် အဓိကကျသော အချက်တစ်ခုသည်ကား ပညာရည်ထူးချွန်ပြောင်မြောက်မှုဖြင့် တိုင်းတာသောကြောင့် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေးအသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်(၂) ဦးဌေးလင်းဇော်က လူငယ်နှင့်ပညာရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် ဆက်လက်၍ ဆွေးနွေးရာတွင် လူငယ်များ၏အခန်းကဏ္ဍာအရေးကြီးပုံ အကြောင်းများကို အကျယ့်တဝင့်ဆွေးနွေးပြီး အငယ်တန်းစာရေး ဒေါ်နန်းကေသွယ်ဝင်းက လူငယ်များပညာရေးအပြင် စာပေကောင်းများဖတ်ခြင်းမှ အတွေ့အကြုံ၊ အသိပညာဗဟုသုတ တိုးပွား‌စေကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို သက်ဆိုင်ရာနေ့ထူးနေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)