သတင်းများ

ဂွမြို့နယ်၌ မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားအားတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Sep 01,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာ၊ ကွင်းအမှတ် ၂၉၇ တွင် ယနေ့နံနက်ပိုင်း ၈ နာရီအချိန်က မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရူအားပေးခဲ့ကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားများကျင်းပ
Sep 01,2023
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာ‌အေးစေတီတော်တို့၌  မေတ္တာအခါတော်နေ့ အခမ်းအနားများကို စည်းကားစွာ ကျင်းပလျက်ရှိသည်။
မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအတွက် ထောက်ပံ့ကြေးပေးအပ်
Sep 01,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လ များအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ပြိုကျနေအိမ်များမှ မိသားစုဝင်များအားထောက်ပံ့
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ပြိုကျနေအိမ်များမှ မိသားစုဝင်များအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများက ဩဂုတ်လ (၃၀) ရက်နေ့ညနေ (၄)နာရီက သွားရောက်ထောက်ပံ့ခဲ့သည်။
တံတားဦးမြို့တွင် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများရောင်းချ
Sep 01,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီအရောင်းကိုယ်စားလှယ်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက် လျော့နည်းပြီး စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် တံတားဦးမြို့ မြို့မဈေးအနီး၌ ယနေ့နံနက်(၈)နာရီက ဆီအရောင်းကိုယ်စားလှယ်များမှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မေတ္တာအခါတော်နေ့အခမ်းအနား ကျင်းပ
Sep 01,2023
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်‌စွယ်တော်တိုက်တွင် ဝါခေါင်လပြည့် ယမန်နေ့ ညနေ ၅ နာရီက (၁၇) ကြိမ်မြောက် မေတ္တာအခါတော်နေ့အခမ်းအနား ကျင်းပပြုလုပ်သည်။
ဘုရားသုံးဆူမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
Sep 01,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ဝါခေါင်လတိုင်း နှစ်စဉ်ကျင်းပသော ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ထောမဲ့ပါကွက်သစ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။