သတင်းများ

ဖြူးမြို့နယ်၌ စားသုံးဆီများစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများစျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ဖြူးမြို့မစျေးအနီး၌ စားသုံးဆီများရောင်းချပေးလျက်ရှိရာ ပြည်သူများတန်းစီစနစ်ဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ဖျာပုံမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ
Sep 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ချောက်ဘုရားလှငယ်ဂူဘုရားရှိ ပန်းချီကွက်များ ငါးရာငါးဆယ်ဗုဒ္ဓဝင်ဇာတ်ကွက်များ နံရံဆေးရေးပန်းချီများကို လေ့လာနိုင်
Sep 03,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ညောင်ဦးမြို့၏ အရှေ့မြောက်ဘက် ဧရာဝတီမြစ်ကမ်းပါးအနီးရှိ ချောက်ဘုရားလှငယ်ဘုရားရှိ နံရံဆေးရေးပန်းချီကွက်များနှင့် ဗုဒ္ဓဝင်ဇာတ်ကွက်နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားပြုလုပ်
Sep 03,2023
ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်တိုင်းရင်းသားတို့၏ ဝါခေါင်လရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့(ဝါခေါင်လပြည့်ကျော် ၃ ရက်) နံနက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက်၌ ပြုလုပ်သည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေ ပြန်လည်၍ တဖြည်းဖြည်းတက်လာ စိုးရိမ်ရေမှတ်ရောက်ရန် ၁ ပေခွဲခန့်သာလို
Sep 03,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ ၂၀၈၃ စင်တီမီတာ တက်လာနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
တာလေမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Sep 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက နားယောင်းကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက် တာဝန်ခံများနှင့်တွေ့ဆုံပွဲကျင်းပ
Sep 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက် တာဝန်ခံများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် စပါးမျိုးကွဲ(၄)မျိုး ဧက ၁၂၀ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီး
Sep 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ယခု ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး အတွင်းရှိ ဒေသခံတောင်သူများကို စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် စပါးမျိုးကွဲ (၄)မျိုးဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ရတနာတိုး စပါးမျိုးများကို မျိုးစေ့ထုတ်စိုက်ဧက ၁၂၀ ဧက အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်ထံက သိရသည်။