သတင်းများ

ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Sep 04,2023
ပဲခူးတိုင်းဒသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်၌ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း လယ်ယာမြေကိုအခြားနည်းသုံးစွဲမှုများ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အမ်းမြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများစစ်ဆေးဆောင်ရွက်
Sep 04,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တောင်စု/ပြည်နယ် ခွင့်ပြုရန် ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော လမ်းတံတားများအား စက်တင်ဘာလ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်းအစည်းအဝေး ကျင်းပ
Sep 03,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းအစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ
Sep 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာ‌အောင်ဆင့်၏ “ဂျပန်သွား...တောလား” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ် ကုက္ကိုပင်လဲကျ‌ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား
Sep 03,2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၅၄ ရပ်ကွက် ဇွဲကပင်လမ်းမပေါ်သို့ ကုက္ကိုပင်လဲကျနေကြောင်းသတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီ ၃ မိနစ်တွင် ရှင်းလင်းဖယ်ရှားပေးခဲ့ကြး‌ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ် (၁၀) ရပ်ကွက်ရှိ အမျိုးသမီးနှင့်က‌လေးဆေးရုံကြီး၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate) ဆေးခပ်​​ခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Sep 03,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၄) အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ပါသည်။