သတင်းများ

ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့် မော်တော်ယာဉ်ဥပဒေအကြောင်း အသိပညာပေးဟောပြော
Sep 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်နည်းပညာတက္ကသိုလ်နှင့် ပြည်ခရိုင်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ"အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ်ခန်းမဆောင်၌ ကျင်းပသည်။
မြောင်းမြမြို့ ၌ ခရိုင်အဆင့် (၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် မြောင်းမြခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်တွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရန် ဒေသခံတောင်သူများ မျှော်လင့်
Sep 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် စျေးကောင်းရရန်လည်း မျော်လင့်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်အဆင့်(၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 01,2023
စစ်ကိုင်းခရိုင်အဆင့် (၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ  ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ (၁)ရက်၊ နံနက်(၉)နာရီက ခရိုင်စိမံအုပ်ချုပ် ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျေးရွာ(၉)ရွာအား တစ်ရွာလျှင် သိန်း(၁၅၀)စီ လွှဲပြောင်းပေးအပ်
Sep 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ(၉)ရွာအားတစ်ရွာလျှင် ရန်ပုံငွေသိန်း(၁၅၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာ ရေးနှစ် (ဧပြီ ၊ မေ ၊ ဇွန်)လများအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စာပေဟောပြောပွဲကျင်းပ
Sep 01,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ပညာပါရမီခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က စာပေဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။