သတင်းများ

သိန္နီမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောက်ရွက်ခဲ့သည်။
စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 01,2023
ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ယနေ့ မွန်းလွဲပိုင်းက အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ကောင်းမွန်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိရာ အမှတ်(၅)ရပ်ကွက်နယ်မြေရှိ ရွှေမောင်း “အောင်ကမ္ဘာ” ဘိုးဘွာရိပ်သာလမ်းအား ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ကျောက်ဖြူမြို့၌ သဘာဝမြေဩဇာ စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ
Sep 01,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝမြေဩဇာ စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ကြသည်။
တန့်ယန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း သွင်းအားစုပံ့ပိုးချေးငွေများ ကွင်းဆင်းပေးအပ်
Sep 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သမဝါယမဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်း သွင်းအားစုပံ့ပိုးချေးငွေများပေးအပ်ခြင်းနှင့် ထပ်ဆင့်စာချုပ်ချုပ်ဆိုပေးအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၃၀ ရက်က နမ့်ဟူးလွယ်ကာကျေးရွာ၌ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့သည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ PowerDirector Software ဖြင့်  VIDEO တည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်
Sep 01,2023
သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ နည်းပညာများကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် PowerDirector Software VIDEO တည်းဖြတ်နည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်း ဆောင်ရွက်
Sep 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် မိုးစပါးမျိုး​စေ့ထုတ်စိုက်ခင်း၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ယနေ့​နံနက်ပိုင်းက ဟောင်ဟင်ကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
တောင်သာမြို့နယ် ထန်း​တောကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်ထုတ်ချေးခြင်းကို ကျေးရွာအရောက်သွားရောက်ထုတ်ချေးပေး
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားပြီး ဆင်းရဲမှုလျော့ကျလာစေရန်ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ပထမအ​ကြိမ်ထုတ်ချေခြင်းအခမ်းအနားကို ထန်းတောကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။