စလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြတ်သန်းသွားလာမှု ခေတ္တပြတ်တောက်
Sep 03,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများ ကျဆင်းခဲ့သဖြင့် စလင်း-ဆိပ်ဖြူကားလမ်းမပေါ်ရှိ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအနီးနှင့် စလင်းတညောင်ကျေးရွာအုပ်စုအနီး၊ ဆူးလေကုန်းချောင်း၊ နွယ်တမယ်ကျေးရွာအနီးတို့တွင် ချောင်းရေကျမှုကြောင့် ခေတ္တလမ်းကူးဆက်သွယ်သွားလာမှု ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။