ရွှေပြည်သာမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက် တာဝန်ခံများနှင့်တွေ့ဆုံပွဲကျင်းပ

ရွှေပြည်သာ စက်တင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက် တာဝန်ခံများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးနိုင်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာစာကြည့်တိုက်တာဝန်ခံများက ၎င်းတို့၏ စာကြည့်တိုက်အခြေနေများကို တင်ပြကြရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)