Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ်အတွင်း KTV ၊ ဘား၊ ကလပ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 01,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် KTV ၊ ဘား၊ ကလပ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ(၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Sep 01,2023
စစ်ကိုင်းမြို့တွင် ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကိုယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက် သင်တန်းအခမဲ့ ဖွင့်လှစ်
Sep 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Sep 01,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့် မော်တော်ယာဉ်ဥပဒေအကြောင်း အသိပညာပေးဟောပြော
Sep 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်နည်းပညာတက္ကသိုလ်နှင့် ပြည်ခရိုင်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ"အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ်ခန်းမဆောင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့ ၌ ခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် မြောင်းမြခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်တွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရန် ဒေသခံတောင်သူများ မျှော်လင့်
Sep 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် စျေးကောင်းရရန်လည်း မျော်လင့်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်အဆင့်(၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 01,2023
စစ်ကိုင်းခရိုင်အဆင့် (၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ (၁)ရက်၊ နံနက်(၉)နာရီက ခရိုင်စိမံအုပ်ချုပ် ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9950
Page
9951
Page
9952
Page
9953
Current page
9954
Page
9955
Page
9956
Page
9957
Page
9958
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department