ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ညောင်ဦးမြို့၏ အရှေ့မြောက်ဘက် ဧရာဝတီမြစ်ကမ်းပါးအနီးရှိ ချောက်ဘုရားလှငယ်ဘုရားရှိ နံရံဆေးရေးပန်းချီကွက်များနှင့် ဗုဒ္ဓဝင်ဇာတ်ကွက်နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ချောက်ဘုရားလှငယ်သည် ညောင်ဦးမြို့ သာယာဝတီရပ်ကွက်၊ နတ်သမီးကမ်းပါး အရှေ့ဘက်တွင်တည်ရှိပြီး ညောင်ဦးမြို့ အစွန်မှအရှေ့မြောက်ဘက် ကုန်းမြင့်တစ်ခုကိုဖြတ်ထားသည့် တောင်ကြားငယ်လမ်းကြားမှ သွားရောက်ရပြီး ချောက်ဘုရားလှနှင့် ဂူနီဘုရားကြားတွင်တည်ရှိသည်။ ချောက်ဘုရားလှငယ်ဘုရား အတွင်းပိုင်းတွင် အရှေ့ဘက်လှည့် ထိုင်တော်မူဆင်းတုတော်တစ်ဆူရှိပြီး အရှေ့ဘက်မုခ်လှည့် ဂူဘုရားတစ်ဆူဖြစ်ကာ အတွင်းနံရံနှင့်မျက်နာကျက်များပေါ်တွင် ပန်းချီများအပြည့်ရေး ဆွဲထားရာ စိတ်ဝင်စားဖွယ် ပန်းချီအများအပြား တွေ့ရှိလေ့လာနိုင်သည်။ နှစ်ကျိတ်ရှစ်ဆူဘုရားများ၊ ငါးရာငါးဆယ်ဇာတ်ကွက်များအပြင် သီရိဓမ္မာသောကမင်းကြီးနှင့် ဒေဝါနံပီယတိဿမင်းတို့နှင့်သက်ဆိုင်သော အကြောင်းအရာပန်းချီများမှာ ကမ္ဗည်းစာနှင့်တကွတွေ့ရှိလေ့လာနိုင်ကြောင်း လေ့လာတွေ့ရှိနိုင်ကာ ချောက်ဘုရားလှငယ်ဘုရား၏ အရှေ့ဘက်တွင် ချောက်ဘုရားလှ၊ အရှေ့တောင်ဘက်တွင် ကျောက်ဂူဥမင်၊ အနောက်တောင်ဘက်တွင် ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ကပ်လျှက်တွင် သကျမုနိဘုရားတို့အား တဆက်တည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း