ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ ၂၀၈၃ စင်တီမီတာ တက်လာနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၃၇ စင်တီမီတာ လိုကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေ တိုင်းထွာချက်အရ ၂၀၈၃ စင်တီမီတာရှိနေကာ တဖြည်းဖြည်း ပြန်တက်နေပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု/ကျဆင်းမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ် တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း