သတင်းများ

ရွှေတောင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ ဆီများရောင်းချ
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်နှင့် နွားမယံကျေးရွာအုပ်စုတို့တွင် ယမန်နေ့နံနက်ပိုင်းက ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ ဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Sep 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကျုံမငေးမြို့အတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ပုံမှန်စျေးနှုန်းဖြင့် ရောင်းချ မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ပုံမှန်စျေးနှုန်းဖြင့် ရောင်းချမှုရှိ၊ မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ပြည်သူများအား သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် စားသုံးဆီများကို သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဦးမြင့်အေး ကုန်စုံဆိုင်၊ ဦးပေါက်ကုန်စုံဆိုင်တို့နှင့် ခိုင်ဆန်နှင့်ကုန်စုံအရောင်းဆိုင်တို့မှ စည်ပင်သာယာ မြို့မဈေးရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
မြစ်ကြီးနားမြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် သား/ငါးများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Sep 06,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် ကုန်ဈေးနှုန်းတည်ငြိမ်‌ရေးကို ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ သက်သာချောင်ချိရေး အတွက် ယမန်နေ့ နံနက် ၆ နာရီခွဲမှ စတင်၍ မြစ်ကြီးနားမြို့နေ ပြည်သူများအတွက် ရန်ကြီး ရပ်ကွက်ဈေး၌ သက်သာဈေး ဖွင့်လှစ်ရောင်းချပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သင်တန်းဖွင့်လှစ်
Sep 06,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
သီးနှံအ​ခြေခံ တန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ
Sep 06,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး​ပေးနိုင်​ရေးနှင့် မိသားစုများဝင်​ငွေတိုး​ရေး စီမံကိန်းဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်သည့် သီးနှံအ​ခြေခံတန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ(၅)ရက်နေ့  နေ့လယ်ပိုင်းက ပဲခူးမြို့နယ်၊ အိုးဘို​ကျေးရွာ၊ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လောက်ကိုင်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ဟင်းအာဟာရနှင့် မုန့်များကျွေးမွေးလှူဒါန်း
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားများနှင့် ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက စက်တင်ဘာ (၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဟင်းအဟာရနှင့်မုန့်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။