မုံရွာပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဒုတိယနေ့ ဆက်လက်ကျင်းပ
Sep 06,2023
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအရည် အချင်းရှိရှိနှင့် ပူးပေါင်းပါဝင် လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်း ပတ်ဆောင်ရွက်လှုပ်ရှားမှုများအား စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းက လူငယ်သီတင်းပတ် ဒုတိယနေ့တွင် မြန်မာစာဌာနနှင့် လူမှုရေး ဘာသာရပ်များဌာနက ကြီးမှူးပြီး စာရိတ္တနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ စာပေစကားဝိုင်း ဟောပြောခြင်း နှင့် သင်္ချာဌာနနှင့် သိပ္ပံဘာသာရပ်များဌာနတို့မှ ကြီးမှူးပြီး ဥာဏ်စမ်းပဟေဠိ အဖြေညှိရ အောင် အစီအစဥ်တို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။