သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

သံတောင်ကြီး စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်()နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့     ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို   မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ဆုံဆို့၊   ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)   ဦးနှောက်အမြှေးရောင်၊  ငါးမျိုးစပ်ကာကွယ်ဆေး၊  ဝက်သက်-ဂျိုက်သိုး၊   ဂျပန်ဦးနှောက်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) စသည့်ကာကွယ်ဆေးများကို ကျန်းမာရေးဆရာမ ဒေါ်ဇင်ဇင်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မင်းသား(ပြန်/ဆက်)