ချောက်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား မကွေးတိုင်းဒေသကြီး (FDA) မှကွင်းဆင်းစစ်ဆေး
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား စက်တင်ဘာလ (၄) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး(FDA) မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ကုန်စုံဆိုင်များ၌ ရောင်းချသော စားသောက်ကုန်များတွင် အညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိနှင့် (FDA) မှ တားမြစ်ထားသောစားသောက်ကုန်များအား ရောင်းချခြင်း ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။