မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စုတွင် မြစ်ကမ်းပြိုကျမှုဖြစ်ပွား
Sep 06,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာ၊ ကိုးအိမ်တန်းကျေးရွာနှင့် ဘားမနီးကျေးရွာ များတွင် ရာဇူတိုင်မြစ်ရေတိုက်စားမှုကြောင့် ယနေ့နံနက်(၉)နာရီ၊ (၃၀)မိနစ်အချိန်က မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်နှင့် နီးကပ်သည့် နေအိမ် (၁၉)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည်။