မြစ်ကြီးနား စက်တင်ဘာ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးအတွက် ယမန်နေ့ နံနက် ၆ နာရီခွဲမှ စတင်၍ မြစ်ကြီးနားမြို့နေ ပြည်သူများအတွက် ရန်ကြီး ရပ်ကွက်ဈေး၌ သက်သာဈေး ဖွင့်လှစ်ရောင်းချပေးခဲ့သည်။
ထို့သို့ ရောင်းချရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ရန်ကြီးအောင် ရပ်ကွက် ဈေးအတွင်း အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်ကို တစ်ပြည်လျှင်ငွေကျပ် ၃၀၀၀ နှုန်း၊ ပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၊ စားအုံးဆီတစ်ပိဿာလျှင်ငွေကျပ် ၄၇၅၀ နှုန်း၊ မုန်ညှင်း ဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ နို့ဆီနှင့် ဟင်းသီး ဟင်းရွက်အမယ်ဆုံတို့ကို ပြင်ပပေါက်ဈေးထက် လျှော့ချ၍ ရောင်းချပေးခဲ့ သည်။
အဆိုပါ သက်သာဈေးများကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ဈေး ၁၀ ခုတို့တွင် တစ်ပတ်လျှင် နှစ်ကြိမ် အလှည့်ကျ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်