သီးနှံအ​ခြေခံ တန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

ပဲခူးစက်တင်ဘာ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုများဝင်ငွေတိုးရေး စီမံကိန်းဖြင့် ကောင်အထည်ဖော်ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ()ရက်နေ့  နေ့လယ်ပိုင်းက ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာ၊ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦး‌ကျော်ဇင်ထွန်းက သင်တန်ဆင်းအမှာစကားပပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသူတစ်ဦးချင်းအား သင်တန်းထုတ်ကုန်ပစ္စည်းများ ပေးအပ်ကာ သင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများက သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်သင်တန်းတွင် ရာသီပေါ်သီးနှံများဖြစ်သည့် သရက်သီး၊ သင်္ဘောသီး၊ ခရမ်းချဥ်သီး၊ကျောက်ဖရုံသီး၊ သံပုရာသီး၊ နာနတ်သီးနှင့် ဇီးသီးခြောက်စသည်များကို ယိုနှင့်ဖျော်ရည်ပြုလုပ်ခြင်း၊ ခရမ်းချဥ်သီးဆော့စ်၊ ဂျယ်လီနှင့်ပြောင်းဖူးပေါက်ပေါက်ပြုလုပ်နည်းများကို သင်တန်းသူ(၁၅)ဦးအား စာတွေ့လက်တွေ့ ()ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)