သတင်းများ

အမ်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက် (၄)ကွက်အား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Sep 06,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာ‌နတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ မြို့ပေါ် ရပ်ကွက် (၄)ကွက်အားCensus Unit ဖွဲ့စည်းခြင်း လုပ်ငန်း ကို ယမန်နေ့က ဖွဲ့စည်းဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
ဘုတ်ပြင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံးပြိုကျပျက်စီး
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ နို့ငွါးကျေးရွာစု ချောင်းကဖီးကျေးရွာတွင်စက်တင်ဘာလ  ၄ ရက်နေ့  ညနေက မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်
Sep 06,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင် သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ လင်းသာရပ်ကွက်နှင့် မြပြင်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူပညာ‌ရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ
Sep 06,2023
ပညာ‌ရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၊ လူငယ်သီတင်းပတ် အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၄) ကျောင်း ယာယီပိတ်ထား
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့် တက်လာခြင်းနှင့်အတူ အခြေခံပညာကျောင်း (၄)ကျောင်းကို စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားကြောင်း ညောင်ဦးခရိုင် ခေတ္တပညာရေးမှူး ဦးအောင်ဌေး ထံမှသိရသည်။
ပလောက်မြို့၌ ယခုနှစ် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်အခမ်းအနား ကျင်းပ
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ လူငယ်သီတင်းပတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။