လောက်ကိုင် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားများနှင့် ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက စက်တင်ဘာ (၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဟင်းအာဟာရနှင့်မုန့်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမိသာစုမှ ပဲနို့နှင့်ကိတ်မုန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက် မြန့်မာနိုင်ငံ ကြက်ခြေနီများအသင်းမှ ဟင်းတစ်နပ်စာ၊ စက်မှု (နတလ) သင်တန်းကျောင်းမှ ဟင်းတစ်နပ်စာ၊ မြေစာရင်းဦးစီးဌာနမှ ဟင်းတစ်နပ်စာ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဟင်းတစ်နပ်စာ စုစုပေါင်း ဟင်းလေးနပ်စာအတွက် ယွမ် (၁၂၀၀) အား နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများနှင့် ဝန်ထမ်းများ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကျန်ရှိနေသေးသည်း ဌာနဆိုင်ရာများမှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းလှူဒါန်းသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ချန်ထွန်းအောင်