သတင်းများ

ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်
Sep 06,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများလက်ခံရရှိ ခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသည့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က အောက်ကျောင်းတော် ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နတ်တလင်းမြို့၌ စားအုန်းဆီများအား သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Sep 06,2023
ပဲခူးတိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းအတိုင်း နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ထုတ်ပေးခဲ့သည့် စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးအတွင်းနှင့် လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Sep 06,2023
ပြည်သူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အဖွဲ့(BookClub)တို့ ပူးပေါင်းကာ စာရေးဆရာဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ် လမ်းညွှန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်( ၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ‌၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၄)၌ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ် အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 06,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများ ကွင်းဆင်းစစ်ဆေး
Sep 06,2023
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Sep 06,2023
ရခိုင်ပြည်၊ ရသေ့တောင်မြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့၊နံနက်၉နာရီအချိန်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များရှိဈေးဆိုင်များနှင့်မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တောင်ကြီးပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှု ကျင်းပ
Sep 06,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ လူငယ်သီတင်းပတ်လှုပ်ရှားမှုများကို စက်တင်ဘာ(၄)ရက် ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇဆောင်ရှေ့ကွင်းပြင်နှင့် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Sep 06,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း နေမျိုးစည်သူခန်းမ၌ ကျင်းပကြောင်း သိရသည်။