ကျုံမငေးမြို့အတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ပုံမှန်စျေးနှုန်းဖြင့် ရောင်းချ မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချ လျက်ရှိသော ကုန်ပစ္စည်းများအား ပုံမှန်စျေးနှုန်းဖြင့် ရောင်းချမှုရှိ၊ မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် ကျုံမငေးမြို့အုပ် ဦးဇော်မိုးနောင် ဦးဆောင်သောအဖွဲ့များမှ စည်ပင်သာယာရေးအဖွဲ့ဖြင့် ပူးပေါင်း၍ ကျုံမငေးမြို့အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ကုန်ရောင်းချသော ဆိုင်များ တွင် ကုန်ပစ္စည်းများအား ပုံမှန်စျေးနှုန်းဖြင့်ရောင်းချ စေရေး၊ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးသော ဆန်၊ ဆီများအား တစ်ဆင့်ပြန်လည် ဝယ်ယူရောင်းချမှု မရှိစေရေး၊ အစားအသောက်နှင့် ဆေးဝါးခွင့်ပြုချက်မရရှိသော စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)