ကွမ်းခြံကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီ၊   ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့  ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက၊ တော်ပုလွဲရပ်ကွက် အ-မ-က ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ ပညာရေးမှူးရုံး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထိန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သည့်အလေ့အထရှိလာစေရေးအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား၊  ကျောင်းသူ (၁၈၀) ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ် (IPRD)