ငပုတော စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ နိုင်ငံတကာ စာတက်မြောက်ရေးနေ့ ပန်းချီ ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုခဲ့သည်။
အဆိုပါ နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး တို့က “နိုင်ငံတကာ စာတက်မြောက်ရေးနေ့အထိမ်းအမှတ်” ခေါင်းစဥ်ဖြင့် အသီးသီး ယှဥ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)