သတင်းများ

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်‌ထောင်စုများအား ယာယီနေထိုင်ရန် ပြောင်းရွှေ့ဆောင်ရွက်ပေး
Sep 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မလွန်‌ကျေးရွာတွင် ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်ထောင်စုဝင်များအား ယာယီနေထိုင်နိုင်ရေး နီးစပ်ရာ ဆွေမျိုးသားချင်းနေအိမ်များသို့ တာဝန်ရှိသူများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ပြောင်းရွှေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်သော နေအိမ်များ ရွှေ့ပြောင်း
Sep 07,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ယနေ့နံနက်အစောပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ပြောင်းပြာချောင်း ဘေးတစ်လျောက်ရှိ နေအိမ်များ မိုးရေဝင်ရောက်သောကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Sep 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ပျိုးတတ်မှစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ဆောင်ရွက်
Sep 07,2023
စာပေဖတ်ရှု့လိုစိတ်မြင့်မားလာစေရန်၊ စာအုပ်စာပေဖတ်ရှု့ပြီး အသင်းအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာရေးဆရာမ ပေါက်ပေါက်ရေးသားသည့် ‘’ကင်ဆာဘေးဝေးကြစေ’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဘိုကလေးမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ လာရောက်စစ်ဆေးကြည့်ရှုပြီး ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံ
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး အဆိုပါ သင်တန်းကျောင်းခန်းမတွင် သင်တန်းကျောင်း ကျောင်းအုပ် ဦးနိုင်းလိန်းဟုန်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများနင့် တွေ့ဆုံခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် မည့် Safe City Project လုပ်ငန်းနှင့် စပ်လျဉ်း၍ Consultant Team ခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 07,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် Safe City Project လုပ်ငန်းနှင့် ပတ်သက်၍ အကြံပေး/ အရည် အသွေးစစ်ဆေးရေးအဖွဲ့ (Consultant Team) ခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။
မက်မန်းမြို့နယ်တွင် လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာစကားဝိုင်း ကျင်းပ
Sep 07,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်မှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မက်မန်းမြို့ အခြေခံပညာအထက်တန်းတို့ ပူးပေါင်း၍ လူငယ်နှင့်ပညာစကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။