မဟာအောင်မြေ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် စာရေးဆရာမကြီး ဒေါ်နုနုကြည်(အမေ့အိမ်)ကလည်း ကျောင်းသား/သူများ အနေဖြင့် ပညာရဲ့တန်ဖိုးကိုသိရှိနားလည်ပြီး စနစ်တကျ သင်ယူလေ့လာသင့်ကြောင်း၊ နှစ်စဉ် ကျင်းပပြုလုပ်တဲ့ စက်တင်ဘာလ(၈)ရက်နေ့ဟာ ကမ္ဘာ့စာတတ်မြောက်ရေးနေ့ ကျရောက်သည့် အတွက် စာပေဗဟုသုတများကို အချိန်ပေးပြီး လေ့လာဖတ်ရှုသင့်ကြောင်း မိမိတို့ ကျောင်းနေ အရွယ်ကလေးဘဝသည် ရိုးရှင်းလွန်းတဲ့ဘဝဖြစ်ကြောင်း အချိန်ကိုတန်းဖိုးရှိရှိအသုံးချ တတ်စေရန်၊ အရေးအဖတ်ကျွမ်းကျင်စေရန်နှင့် လူတိုင်းစာပေဖတ်ရှုသင့်ကြောင်း စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မဟာအောင်မြေမြို့နယ် အားကစားမှူးဦးရှီးမွန်က လူငယ်ရေးရာ ဟောပြောပွဲနှင့်ပတ်သက်၍လည်း လူငယ်တွေဟာအနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ စာပေတွေကို လေ့လာမှတ်သားရသလို ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားနှင့် ပတ်သက်၍အားကစားသည် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် ရှုထောင့်တစ်ခုကပါဝင်နေသောကြောင့် လူငယ်တွေအတွက် အားကစားပိုင်းမှာလည်း လေ့ကျင့်မှုများပြုလုပ်သင့်ကြောင်း စသည့် အကြောင်းအရာများအား ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က အားကစားပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှု့လေ့လာခဲ့ပြီး အားကစားဆိုင်ရာ လက်ကမ်း စာစောင်များလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်မေနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးတက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း