သတင်းများ

နွားထိုးကြီးမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများရောင်းချပေး
Sep 07,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ နေထိုင်သောမိဘပြည်သူများ စားသုံးဆီကိုဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးသန်းအေးနှင့်အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ သက်သာသောဈေးနှုန်ထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဦးဖိုးဆန်၊ဆီအရောင်းဆိုင်၌ ဆီ(၁)ပိဿာကို ငွေကျပ် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ကျုံပျော်တွင် နယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ‌တိုင်းရင်းဆေးကုသခြင်းများ ဆောင်ရွက်
Sep 07,2023
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးရုံ (ကျုံပျော်) တို့ ပူးပေါင်းကာ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ အခြေခံပညာမူလတန်း‌ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက စာဖတ်ရှိန် မြင့်မားရေးလှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာ ရေးအဖြစ် တိုင်းရင်ဆေး အခမဲ့ကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားပေး လျက်ရှိ
Sep 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ရှမ်းရွာသစ်မြို့ သန္တိ သုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့ အ.ထ.က(ခွဲ)ကျွန်းရွာ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 07,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့၊ ကျွန်းရွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
မြေပုံမြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေး
Sep 07,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေးအတွက် မြို့နယ်အခြေခံစာသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီက ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဆန်ဆိုင်များ၊ ဆေးဆိုင်များနှင့်ဆောက်လုပ်ရေးသုံး ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။
ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်းမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးဆောင်ရွက်
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အောက်တိုဘာလ(၁)ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၉)နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ အနန္ဒဂုဏလောကမာရစိန် စေတီတော်မြတ်ဝန်းကျင်တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Sep 07,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာ ရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                         
ပွင့်ဖြူမြို့နယ်၌ ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူများလာ
Sep 07,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောဈေး ကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင် လာသူများလာကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။