ကျိုင်းတောင်းမြို့တွင် စားသုံးဆီဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Sep 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ပြည်သူများမှ ဝယ်ယူစားသုံးလျက်ရှိသော စားသုံးဆီဈေးနှုန်းများအား သတ်မှတ်ထားသည့်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမရှိစေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်မှ ဦးဆောင်၍ ကျိုင်းတောင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့စည်ပင်သာယာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ကျိုင်းတောင်းမြို့အတွင်းရှိ စားသုံးဆီဆိုင်နှင့် စားသောက်ကုန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။