ဓနုဖြူမြို့နယ်၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံတနော်အနောက် ကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၊ အ.ထ.က(ခွဲ) လိပ်ချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အ.ထ.က(ခွဲ)လိပ်ချောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးသီဟကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မေစိုးက စာဖတ်ခြင်း​၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စာဖတ်ခြင်းဖြင့် အတွေးအခေါ်များရင့်ကျက်လာနိုင်ကြောင်း၊ ဖြန့်ကျက် တွေးတောနိုင်စွမ်းရှိလာနိုင်ကြောင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိနိုင်ကြောင်း၊ အသိ ပညာ ဗဟုသုတများစွာ ရရှိနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးအောင်ဇော်လင်းက အားကစား​၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားခဲ့ရာ အားကစားဆိုသည်မှာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုကို အားကစားလို့ ခေါ်ဆိုကြောင်း၊ အားကစားအမျိုးအစား အနေဖြင့် ယှဉ်ပြိုင် အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားဆိုပြီး အားကစား အမျိုးအစား(၄)မျိုးရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများ အားပေးအပ် လှူဒါန်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားမှူး ဦးအောင်ဇော်လင်းက ခြင်းအလှခတ်သရုပ်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)