ညောင်ဦး စက်တင်ဘာ ၇
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day OF Clean Air For Blue Skies) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာ ရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးမင်းနိုင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး) အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းအကြောင်း ပြောကြားကာ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day OF Clean Air For Blue Skies) အထိမ်းအမှတ် အသိပညာပေး မှတ်တမ်း Video အားပြသပေးသည်။ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဆင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ကျောင်းသားကျောင်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့(International Day OF Clean Air For Blue Skies) အထိမ်းအမှတ် အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးမင်းနိုင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း