လပွတ္တာ စက်တင်ဘာလ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့သစ်ရှိ လူငယ်အားမာန်သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လုပ်ငန်းကြီး(၇)ရပ်အကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဖြစ်ရပ်စီမံခန့်ခွဲမှု နောက်ခံသမိုင်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသည်(၃) ရက်တာကာလဖြစ်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်စပ်လျဉ်းသည့် ရုံးလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဥပဒေဆိုင်ရာအသိပညာပေးခြင်းများစသည့် အကြောင်းအရာများကို သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လပွတ္တာ(ခရိုင်ပြန်/ဆက်)