ဟင်္သာတခရိုင်အဆင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/ ၂၀၂၃) ကျင်းပပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာရေးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/ ၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှိဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ဟင်္သာတခရိုင်အတွင်း မြို့နယ်များရှိ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဘာသာရပ်သင်ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းက တိုင်းပြည်တခုဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍမှလည်း အဓိကအရေးပါပါကြောင်း၊ ဟင်္သာတသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်ပြီး ခရိုင်အတွင်း စာသင်ကျောင်းပေါင်း (၇၀၀)ကျော်ရှိကြောင်း၊ လာမည့် မျိုးဆက်သစ်များ စာတတ်မြောက်မှုများပြားစေရန် ရေရှည်အတွက် ကြိုးစားအားထည့် ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပညာရေးကဏ္ဍတိုးတက်အောင် အထူးအားပေးဆောင်ရွက်လျက်ရှိပြီး ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ခရိုင်အတွင်း လူရည်ချွန်မောင်မယ်များလည်း ပေါ်ထွက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာကြီဦးတိုဝင်း က၂၀၂၂၊ ၂၀၂၃ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်အခြေအနေများ၊ ယခုနှစ် အကောင်အထည်‌ ဖော်ဆောင်ရွက်မည့်‌ေအာင်ချက်မြင့်မားရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံများ အထက်တန်း ကျောင်းများနှင့် ထခွဲ‌ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများမှ လည်းကောင်း တက်ရောက်လာကြသူများကလည်းကောင်း အသီးသီးအပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြ ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)