သတင်းများ

အ.ထ.က (၂၃) တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ
Sep 08,2023
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.က -  ၂၃ တွင် ကျင်းပသည်။
ရွှေပြည်သာမြို့နယ်တွင် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရ၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန့်နေ့ မွန်းတည့် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန CommunityCentre ခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာအသိပညာပေးဟောပြော
Sep 08,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူအပြင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည် အတွေးအခေါ် အယူအဆ မြင့်မားစေရန် ရည်ရွယ်ချက်တို့ဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရေပူ)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ဝါးတော)တို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်
Sep 08,2023
ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ်ဝစေရေး၊ ပြည်သူများငါးစားသုံမှုဖူလုံစေရေးနှင့် ငါးမျိုးစိတ်များ ရှင်သန်ပေါများစေရေးတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လားရှိုးမြို့တွင် တောင်ယာထွက် သခွားသီးများ ဈေးကောင်းရ
Sep 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးတစ်ဝိုက်ရှိ တောင်ယာများတွင် စိုက်ပျိုးဖြစ်ထွန်းသည့် တောင်ယာသခွားသီးများ ဈေးကွက်အတွင်း ရောင်းအားကောင်းနေပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်တွင် အုတ်စီရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်
Sep 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေ‌ရေးနှင့် ရေစီးရေလာကောင်းမွန်မှုရှိစေရေး တို့အတွက် လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် ကုန်သည်လမ်း၌ ရေမြောင်းဖုံးပါ အုတ်စီရေမြောင်း ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့၌ လူငယ်ရေးရာအသိပညာပေးနယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရေးရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ပြည်ပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week) တွင် ပြပွဲ/ ပြိုင်ပွဲ၊ ဈေးရောင်းပွဲနှင့်အသိပညာပေး/ ဖျော်ဖြေရေးအစီစဉ်များဖြင့် စည်ကားစွာကျင်းပ
Sep 08,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်ပညာရေးဒီဂရီကောလိပ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အခမ်းနားကို စက်တင်ဘာ ၆ ရက်နံနက်ပိုင်းက စတင်၍ ပြပွဲ/ ပြိုင်ပွဲ၊ ဈေးရောင်းပွဲနှင့် အသိပညာပေး/ ဖျော်ဖြေရေးအစီစဉ်များဖြင့် စည်ကားစွာကျင်းပ လျက်ရှိသည်။