ဗန်းမော်တက္ကသိုလ်တွင် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဗန်းမော် စက်တင်ဘာ ၇ 

ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အထိမ်းအမှတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက် နံနက်(၉)နာရီက ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနေသွယ်ကြည်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ် ကျောင်းသာ ကျောင်းသူများက တိုက်ကွမ်ဒိုကစာနည်း၊ Physical Fitness Dance နှင့် Boxing ထိုးခြင်းစသည့်အားကစားသရုပ်ပြပွဲကို တင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဗန်းမော်တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၃)ဉီးတို့က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် Team Work စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ အစီအစဉ်တင်ဆက်သူများ ဖြစ်ကြသော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ခရိုင်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးတို့က ဖြည့်စွက်‌ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး   အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသော သူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)