ကျွန်းလှ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန်အတွက် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိမရှိ ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့ပေါ် ဆေးဆိုင်များ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးဦးစီးဌာန တို့ပူးပေါင်းပြီး ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် ဆေးဝါးများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ