သတင်းများ

ပလောက်မြို့ အ.ထ.က ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (အ.ထ.က၊ ပလောက်) ကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်း သင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကျင်းပ
Sep 10,2023
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းများ၏ သင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး
Sep 10,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်လျက်ရှိသည့် စိုက်ပျိုး ပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲဖြေဆို
Sep 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) (၅)နှစ် သင်တန်း၊ အမှတ်စဉ် (၁၁) သို့တက် ရောက်ရန်အတွက် ရေးဖြစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထမ္မရာဇ် ရပ်ကွက် အ.ထ.က (ခွဲ) (အ.လ.က-၃) ကျောင်းစစ်ဆေးခဲ့ရာ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဂန့်ဂေါခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုတို့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်
Sep 10,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ပွဲကို ယမန်နေ့နံနက်(၉)နာရီက မြောက်ကုန်းရပ်ကွက် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးအနီးရှိ သာသနာ့ ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကား ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
Sep 10,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက်  စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကျင်းပ
Sep 10,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို အိုအေစစ် အဆင့်မြင့်ဧည့်ရိပ်မွန်တွင် ကျင်းပခဲ့သည်။