မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို အိုအေစစ် အဆင့်မြင့်ဧည့်ရိပ်မွန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်နှင့် ဝန်ထမ်းများ တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များ အခြေခံသမဝါယမ အသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်သည်။

၂ဝ၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အစည်းအဝေးတွင် သဘာပတိအဖြစ် ဥက္ကဋ္ဌ ဦးအောင်တင်မှ ဆောင်ရွက်ပြီး အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းများကို မန်နေဂျာဒေါ်ရီရီသိန်းမှ ရှင်းလင်းဖတ်ကြားသည်။ ထို့နောက် သဘာပတိက တက်ရောက်လာသော အသင်း ဝင် ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခဲ့ပြီး အခြေခံသမဝါယမအသင်းများသို့ အစုပေါ်အမြတ် ကျပ်သိန်း(၄၀)ကျော်နှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် အခြေခံသမဝါယမ အသင်း အမှုဆောင်သား /သမီးများအား ပညာသင်ထောက်ပံ့ကြေး ကျပ်နှစ်သိန်းတစ်သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ  တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များအား နှစ်သောင်း နှုန်းဖြင့် ကျပ်သိန်းနှစ်ဆယ် ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)