သတင်းများ

လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်း သိမ်းအောင်ပွဲမင်္ဂလာကျင်းပ
Sep 10,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်း အနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဗောဓိကုန်းရွာ၊ ဗောဓိအောင်မြေဓမ္မရိပ်သာတွင် ကျင်းပသည်။
ကရသူရိမြို့၌ ရာဘာဈေးကောင်းရ၍ ရာဘာအစေးခြစ်သူများ ဝင်ငွေကောင်း
Sep 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ရာဘာအစေးခြစ်သူများသည် မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းရှင်များနှင့် အချိုးတူသော်လည်းကောင်း၊ သုံးချိုးတစ်ချိုး သော်လည်းကောင်း ရာဘာခြစ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ယခုလတွင် ရာဘာအစေးပြား ဈေးကောင်းရ၍ ဝင်ငွေကောင်းလျက်ရှိကြောင်းသိရသည်။
ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးမြေစိုက်ဘုတ်စိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေ
Sep 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ  အမှတ်(၂) မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင်  စုပေါင်း စိုက်ထူခဲ့သည်။
နမ့်စန်တွင် ဝမ်ပုံဆည်အတွင်းသို့ ငါးမျိုးစိတ်အကောင်ရေ (၁၈၀၀၀၀) ကျော် စိုက်ထည့်
Sep 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ဝမ်ပုံဆည်တွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ပြည်သူ့ဆေးရုံကြီး-မြိတ်မြို့တွင် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ အထူးကုဆေးကုသရေးအဖွဲ့မှ လာရာက်ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေး
Sep 10,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးမျာ ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့က မြိတ်ပြည်သူ့ ဆေးရုံရှိ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
မလှိုင်မြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား သွားရောက်စစ်ဆေး
Sep 10,2023
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးသည် မြို့နယ်ဆရာဝန်ကြီး Dr သန့်ဇင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် မြို့ပေါ် (၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကသာမြို့၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ မြို့တော်ခန်းမတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက် (၂)ဖြင့် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း ကို ယမန်နေ့ နံနက် (၁၀) အချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Sep 10,2023
  ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊လင်းခေးမြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ ရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးစိုင်းကြည်ရွှင်နှင့်လင်း‌ခေးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ဌေးခိုင် တို့ကအမှာစကား ပြောကြားသည်။