သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ် စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာထောက်ပံ့၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ
Sep 10,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ထောင်ဝိကျေးရွာ၊ ကွင်းအမှတ် ၁၁၈၄ ၊ တောင်သူဦးဝင်းတင်၏ မိုးစပါး ၅ ဧက၌ကျင်းပသည့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက် တောင်သူများအား မြေဩဇာထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်၍ တောင်သူ များ၏ မြေဩဇာရောစပ် စုပေါင်းကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
မာန်အောင်မြို့နယ်အ-မ-က တန်လှောင်ကုန်းတွင်(၈၄)နှစ်မြောက် ဆရာတော်ဦးဥတ္တမအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စကား ပြောစွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 10,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ဝအုပ်စု၊အ-မ-က တန်လှောင်ကုန်း ကျောင်းတွင်၂၀၂၃-ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့တွင် ကျရောက်သည့်(၈၄)နှစ်မြောက် ဆရာတော်ဦးဥတ္တမအောက်မေ့ဖွယ်နေ့အထိမ်းအမှတ် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Sep 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်က စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Sep 10,2023
ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်း ဆေးရုံကြီးမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်က ဥတ္တရသီရိ မြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ  သီရိမင်္ဂလာ စာသင်ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့သည်။
ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ပထမအကြိမ် မြို့လုံးကျွတ်စုပေါင်း ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Sep 10,2023
ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတို့၌ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီးကျင်းပသော ပထမအကြိမ် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးထောက်ပံ့
Sep 10,2023
နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးဝါးကုသမှု ခံယူနေသော လူနာများအား တွေ့ဆုံအားပေးခဲ့သည်။
လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်း သိမ်းအောင်ပွဲမင်္ဂလာကျင်းပ
Sep 10,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်း အနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဗောဓိကုန်းရွာ၊ ဗောဓိအောင်မြေဓမ္မရိပ်သာတွင် ကျင်းပသည်။
ကရသူရိမြို့၌ ရာဘာဈေးကောင်းရ၍ ရာဘာအစေးခြစ်သူများ ဝင်ငွေကောင်း
Sep 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ရာဘာအစေးခြစ်သူများသည် မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းရှင်များနှင့် အချိုးတူသော်လည်းကောင်း၊ သုံးချိုးတစ်ချိုး သော်လည်းကောင်း ရာဘာခြစ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ယခုလတွင် ရာဘာအစေးပြား ဈေးကောင်းရ၍ ဝင်ငွေကောင်းလျက်ရှိကြောင်းသိရသည်။