သတင်းများ

တပ်ကုန်းမြို့နယ်တွင် မိုးနေကြာသီးနှံ ၈၅၅ ဧက စိုက်ပျိုးပြီး
Sep 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများကို ၁၅၅၀ဧက လျာထားစိုက်ပျိုးပြီး၊ နေကြာသီးနှံ ၈၅၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရသည်။
ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ် သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်စာမေးပွဲ
Sep 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ် သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်ရေးဖြေ စာမေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖြေဆိုလျက်ရှိသည်။
ကျောက်မဲမြို့တွင် အသက်(၁)ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Sep 09,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်‌နေ့မှစ၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း/အပြင် စားသုံးဆီများ သတ်မှတ်ဈေးနှုူန်းထက် ပိုမိုရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စားသုံးဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့မဈေးကြီးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် စားသုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Sep 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများမှစားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဥ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်၌ (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် စားအုန်းဆီ ၁ ပီပါအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
မိုင်းငေါ့မြို့ အခြေခံပညာမူလတန်းကျောင်း အ.မ.က (တာလုံ) လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(တာလုံ)တွင်” လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)အချိန်က အဆိုပါကျောင်းခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပေါင်းစုံ(၄)ပေါက်တန်း၊ ရိုးရာခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ စတုတ္ထမြောက်နေ့ဆက်လက်ကျင်းပ
Sep 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(၄)ပေါက်တန်း၊ ရိုးရာခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်ကစ၍ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမ၌ စတုတ္ထမြောက်နေ့ ဆက်လက်ကျင်းပကြောင်းသိရသည်။
မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာ အစေးခြစ်လုပ်ငန်းဖြင့် နှစ်စဉ်ဝင်ငွေတိုးပွား
Sep 09,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများ နှစ်ရှည်ရော်ဘာများ စိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ တိုးပွားလျက်ရှိသည်။