ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်း သင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ဗန်းမော်  စက်တင်ဘာ  ၁၀

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းများ၏ သင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းတွင်းသင်ထောက်ကူပြပွဲ၊ပြိုင်ပွဲကို အခြေခံကျောင်းများ၏ကျောင်းသား၊ ကျောင်းသူများနှင့်ဘာသာရပ်ပြ ဆရာ၊ဆရာမများပူးပေါင်း၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်များအလိုက် အ.ထ.က(၁)မှ အ.ထ.က(၆)အထိ အုပ်စု(၆)စု ခွဲ၍  သင်ထောက်ကူ ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ခဲ့ကြရာ ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော်နှင့် ကျောင်းအုပ်ဆရာဆရာမကြီးများက လှည့်လည်လေ့လာ ကြည့်ရှု အားပေးခဲ့ သည်။

အဆိုပါသင်ထောက်ကူပစ္စည်းပြပွဲ၊ ပြိုင်ပွဲကို ထက်၊ လယ်၊ မူ ဆရာ၊ ဆရာမများ မိမိတို့၏ ဘာသာရပ်အသီးသီးတွင် သင်ထောက်ကူအသုံးပြုသင်ကြားနိုင်စေရန်၊ သင်ခန်းစာနှင့်ကိုက်ညီမည့် သင်ထောက် ကူအမျိုးအစားရွေးချယ်တတ်စေရန်၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဘာသာရပ်များနှင့် ကိုက်ညီသည့်သင်ထောက်ကူပစ္စည်းများကိုထိတွေ့ကိုင်တွယ်ကြည့်ရှုနိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ထောက်ကူများကိုတွေ့ရှိရခြင်းဖြင့် ဘာသာရပ်အသီးသီးကို ပိုမိုစိတ်ဝင်စားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တီထွင်ဖန်တီးလိုစိတ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဘာသာရပ်များဆိုင်ရာသင်ထောက်ကူပစ္စည်းများပြပွဲ၊ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများကို ရွေးချယ်ပြီး စုံညီပွဲတော်ကျင်းပသည့်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)